ယနေ့ခေတ်ပေါ် ကားတွေမှာတပ်ဆင်ထားတဲ့ အင်ဂျင်‌တွေဟာ အတွင်းခန်းမီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရတဲ့ (Internal Combustion)အင်ဂျင်တွေဖြစ်ပါတယ်။အင်ဂျင်တစ်လုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် ဆီနဲ့လေ ရောထားတဲ့ အချိုးအစား မှန်ကန်ဖို့လိုအပ်ပါတယ်။


အခုရှင်းပြပေးချင်တာကတော့ လေအဝင်(Air Induction System)မှာ ရှိနေတဲ့ (Air Filter)လို့ခေါ်တဲ့ လေစစ် အကြောင်းလေးပါ။လေစစ်ရဲ့ အဓိကတာဝန်ကတော့ အင်ဂျင်ထဲကိုဝင်လာမည့် လေထုထဲမှာ ပါဝင်လာတဲ့ ဖုန်မှုန့်တွေ အညစ် အကြေးတွေနဲ့ ရေခိုးရေငွေ့တွေကို အင်ဂျင်ထဲ

မဝင်အောင် စစ်ထုတ်ပေးဖို့ ဖြစ်ပါတယ်။


လေစစ်ကို ပုံမှန်မလဲတဲ့အခါ လေစစ်မှာ ချေးနဲ့ အညစ် အကြေးတွေပိတ်ပြီး အင်ဂျင်က လေမဝသလို ဖြစ်လာတတ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ လေတံခါးမှာချေးပိတ်တာ၊ ဆီစားများတာ၊ အင်ဂျင်အရုန်းအဆွဲကျလာတာ၊ ဆီနံ့မွှန်တာ၊ အင်ဂျင်သံမမှန်တာ၊ စတာတွေအပြင် တာဘိုပါတဲ့ကားတွေမှာဆိုရင် တာဘိုပျက်ဆီးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။


လေစစ်ကို အင်ဂျင်ဝိုင်လဲတိုင်း ဖြုတ်ပြီးစစ်ဆေးသင့်ပါတယ်။ဖုန်ထူထပ်တဲ့ ဒေသတွေကိုခရီးသွားမိတဲ့အခါမှာလည်း ပြန်ရောက်တာနဲ့လေစစ်ကို ဖွင့်ပြီး စစ်ဆေးသင့်ပါတယ်။လေစစ်မှာ ဖုန်မှုန့်အနည်းငယ်ပဲရှိပါက လေမှုတ်ပြီးပြန်သုံးနိုင်ပြီး လေစစ်အရမ်း ညစ်ပတ်နေရင်တော့ တစ်ခါထဲတန်းလဲသင့်ပါတယ်။ဒါမှလည်းအင်ဂျင်က လေအဝင်ကောင်းမွန်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါတယ်။


လေစစ်မကောင်းတာနဲ့ပတ်သက်ပြီး အထူးသတိထားရမှာက Nissan 1.3, Hiject 660, Passo 1.0 ကားတွေပါ။အင်ဂျင်စလိုးမမှန်တာ၊ စက်ထိုးသေတာတွေဖြစ်လာရင် လေစစ်ကိုလည်း မဖြစ်မနေ စစ်ဆေးသင့်ပါတယ်ခင်ဗျာ။

အားလုံးအဆင်ပြေပါစေ။


#မူရင်းရေးသားသူအား‌လေးစားစွာဖြင့်c reditပေးပါသည်။