မိတ်ဆွေတို့ အော်တိုဆီထဲ ရေရောက်နေတာမျိုးကြုံဖူးကြလား? ကြုံဖူးတဲ့သူလည်း ရှိမယ် မကြုံဖူးတဲ့သူလဲရှိမယ်။ ကြုံဖူးသည် ဖြစ်စေ မကြုံဖူးသည် ဖြစ်စေ ဒီနေရာမှာ အော်တိုဆီထဲ ရေဘယ်လိုရောက်လဲ မျှဝေပေးပါ့မယ်ဗျာ။ အင်ဂျင်ဝိုင်ထဲရေရောက်တာတို့ ၊ ဒီဇယ်ထဲ ရေရောတာတို့ ဖြစ်ဖူးကြတယ်။ အော်တိုဆီထဲရေရောက်တာမျိုးကျတော့ အဲ့ဒီရေ ဘယ်ကဝင်လဲ ၊ ရေက ဘယ်လိုကြောင့် ရောက်သွားတာလဲ စဥ်းစားစရာရှိပါတယ်။ Auto gearbox မှာ တချို့ ကားတွေ oil cooler ပါကြတယ်။ တချို့လည်းမပါကြဘူး။ တချို့ပါလို့ပါမှန်းမသိတာမျိုးလည်းရှိတယ်။  Mini cooper တို့ ၊ Jeep တို့ ၊ Fiat ၊ Ford တို့ ၊ Audi ၊ BMW စတဲ့ ကားတွေရဲ့ ဂီယာဘောက်တွေမှာ ဂီယာဘောက် အအေးခံဖို့ oil cooler တစ်လုံးထည့်ပေးထားတယ်။ ထို oil cooler က ရေတိုင်ကီထဲမှာဖြစ်ပါတယ်။ ဒါ့ကြောင့် oil cooler ပေါက်တဲ့အခါ oil cooler ထဲကို ရေတွေ ရောက်ကုန်တယ်။ ဒါ့ကို သိလို့ ဂျပန်ကားအများစုမှာ oil cooler မထည့်ပေးထားဘူး။ တပ်ချင်ရင် ကိုယ့်ဟာကိုယ် အပိုအနေနဲ့ တပ်လို့ရတယ်။ oil cooler ဟာ radiator နဲ့ အတူတူပါပဲ။ သူ့မှာ အပူစွန်ထုတ်ပေးတဲ့ heat sink လေးတွေပါရှိတယ်။ အကြမ်းခံပေမဲ့ ကြာလာရင် oil cooler နဲ့ ဂီယာဘောက်ကြားပြေးတဲ့ oil pipe တွေပေါက်လာတာပါပဲ။ နောက် heat sink လေးတွေ အက်လာတယ် ၊ ဆွေးလာတယ် စသဖြင့် oil cooler ပေါက်နေပြီဆိုရင် အော်တိုဆီအရောင်က ပန်ရောင်သန်းနေမယ်။ ပုံမှန်ဆို အမြဲရောင်ရှိနေရမှာလေ။ ဒါပေမဲ့ ရေနဲ့ဆီ ရောနှောသွားပြီး ပန်းရောင်ပြောင်းသွားပါတယ်။ နောက် အော်တိုဆီကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက်အရုန်းအဆွဲကျမယ်။ ဂီယာဘောက်ကနေ အသံထွက်လာပါမယ်။ ဂီယာဘောက်အပူချိန်တက်လာမယ်။ ဂီယာအချက်ပြမီးလင်းမယ်။ ဒါမျိုးတွေက oil cooler ပေါက်ပြီး coolent နဲ့ auto oil ရောနှောသွားတဲ့ပြဿနာတွေပါပဲ။ ဒါမျိုးကြုံရရင် ဂီယာဘောက်အကြီးစားပြုပြင်ရပါမယ်။ အကုန်လုံး ဖြုတ်ချပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေ ပြုပြင် ဆေးကြော လဲလှယ်တာတွေ လုပ်ရပါမယ်။ အချိန်အတော်ကြာကြာ အထက်ပါပြဿနာကို မသိဘဲ မောင်းနေခဲ့ပါလျှင် ဂီယာဘောက် အလုံးလိုက်ချိန်းရသည်အထိ ပြဿနာ ကြီးနိုင်ပါသည်။