ကားအက်စီးဒင့်ဖြစ်ရင် ပုံမှန်ဆို လေအိပ်ပွင့်ပါတယ်။ မပွင့်ရင် error တစ်ခုခု တက်နေလို့ဖြစ်ပါတယ်။ အဲ့ဒီ error မပြောခင်မှာ လေအိပ်စနစ်မှာ ဘယ်လို အစိတ်အပိုင်းတွေ ပါဝင်အလုပ်လုပ်နေလဲ အရင်သိဖို့လိုပါလိမ့်မယ်။ လေအိပ် စနစ်မှာဆိုရင် airbag ၊ airbag control unit(SRS) ၊ airbag wiring ၊ airbag  sensor ၊ Airbag indicator lamp စတာတွေပါဝင်တယ်။ 


Airbag 

Airbag ကတော့ ပေါ့ပါးပြီး အကြမ်းခံတဲ့ ပိတ်သားနဲ့ပြုလုပ်ထားမယ်။ သူထဲမှာ လူကိုအန္တရာယ်မပြုတဲ့ nitrogen gas တွေနဲ့ဖွဲ့စည်းထားတယ်။ ကားတစ်စီးမှာ အနိမ့်ဆုံး airbag ၂ လုံးပါမယ်။ driver နဲ့ passenger မှာဖြစ်ပါတယ်။ လေအိပ်က ကားအက်စီးဒင့်ဖြစ်ခဲ့ရင် အော်တိုပွင့်သွားမယ်။ လေအိပ်က တော်ရုံကွဲလေမရှိဘူး။ ကွဲနေတယ်ဆိုရင်လဲ အသစ်လဲပေးရမယ်။ airbag မြင်ဖူးတဲ့များလိမ့်မယ်။ သူက သိပ်ပြီး ပြောစရာများများစားစားမရှိဘူး။ airbag ခွေကလည်း Airbag အစိတ်အပိုင်းထဲပါဝင်မယ်။ Airbag ခွေမကောင်းရင် SRS မီးလင်းတာ ၊ ဟွန်းမမြည်တာမျိုးတွေရှိတက်ပါတယ်။ airbag ခွေကို Cabel reel လို့ခေါ်ပါတယ်။ အဲ့ကောင်အကြောင်း နောက်မှ သီးသန့်ရေးပါမယ်ဗျာ။ 


Airbag control unit 

Airbag control unit ကတော့ Airbag စနစ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ airbag နဲ့ဆိုင်တဲ့ program သွင်းတာတို့ ရေးတာတို့ သည် airbag contol မှာ အလုပ်လုပ်ကြရတယ်။ airbag control ကို SRS unit လို့ခေါ်ပါတယ်။ pinout တွေကတော့ အများကြီးပဲ သူ့ထဲကို ဘယ်ကောင်တွေဝင်လဲဆိုရင် IG လို့ခေါ်တဲ့ 7.5A fuse ကနေ လာတဲ့ သော့မီးတစ်ချောင်းဝင်တယ်။ သော့မီးဆိုတော့ အပေါင်းကြိုးဖြစ်ပါတယ်။ နောက် အနုတ်ကြိုး ၂ ချောင်းဖြစ်တဲ့ E1 နဲ့ E2 ဝင်မယ်။ နောက် Airbag sensor ရှိသလောက် ကြိုးဝင်မယ်။ Airbag sensor တွေက များသောအားဖြင့် ၂ ကြိုးနဲ့လာကြတယ်။ 5V နဲ့ ground ။ နောက် pretensioner ကြိုးတွေရှိမယ်။ သူလည်းဘဲ အပေါင်း နဲ့ အနူတ် ကြိုး ၂ စရှိမယ်။ ကျန်တာတွေက airbag ဝါယာကြိုးတွေဖြစ်ပါတယ်။ သူတို့လဲ ၂ပင်စီနဲ့လာပါတယ်။ DLC ဆီသွားတဲ့ W ကြိုးတစ်ချောင်းလဲ Airbag control ကနေ ထွက်သေးတယ်။ ဒါ့ကြောင့် airbag control ရဲ့ ဒီလို ဝါယာရိန်းစနစ်ကို သိထားရင် ဝါယာရိန်းလိုက်လို့ရပါပြီ။ airbag control ယူနစ်က ပျက်ခဲတယ်။ ကားအက်စီးဒင့်ဖြစ်တာကြောင့် မပျက်တဲ့ SRS unit တွေ တပုံကြီးပါ။ 


Airbag sensor 

Airbag sensor ကတော့ SRS လေအိပ်စနစ်အတွက် အရေးကြီးဆုံးပါဘဲ။ အဲ့ကောင်လေးကို ကားထုတ်တဲ့ ကုမ္ပဏီ တွေက အမျိုးမျိုး နာမည်ပေးကြတယ်။ crash sensor တဲ့ ၊ torque sensor ၊ impact airbag sensor ၊ spring airbag sensor ၊ front SRS sensor စသဖြင့်။ 

အဲ့ကောင်မကောင်းရင် airbag မပွင့်ဘူး။ sensor ဖြစ်လို့ Volt နဲ့ Ohm စမ်းလို့ရမယ်။ continity စမ်းလို့လဲရမယ်။ ဆင်ဆာမှာ ၂ပင်ရှိမယ်။ pin(1) ground နဲ့ pin(2) VC ရှိနေပါမယ်။ သော့ဖွင့် VC 5V ရှိမရှိစမ်း ၊ 12V လည်း ဒီတိုင်းဘဲ။ အဲ့ကောင်တွေ ရှိမနေရင်တော့ ကားဘယ်လောက်တိုက်တိုက် လေအိပ်မပွင့်တော့ပါ။ လေအိပ်မပွင့်စေချင်ရင် airbag sensor ကြိုးလေး ဖျက်ထားလိုက်။ ကြိမ်းသေတယ်။ လေအိပ်မပွင့်တော့ဘူး။ Airbag မီးတော့ လင်းနေလိမ့်မယ်။ 


Pretensioner 

Pretensioner ဆိုတာကတော့ ခတ်ပတ်ကြိုးဖြစ်ပါတယ်။ ခတ်ပတ်ကြိုး မပတ်ထားရင်လည်း လေအိပ်မပွင့်ဘူး။ ဒါ့ကြောင့် ဟိုက်ဝေးသွားရင် ခတ်ပတ်ကြိုးမပတ်ထားရင် seatbelt warning ပေါ်တယ်။ ခတ်ပတ်ပတ်ထားမှသာ လေအိပ်စနစ်က လူရှိတယ်ဆိုတာ သိပြီး အက်စီးဒင့်ဖြစ်ရင် လေအိပ်ဖွင့်ပေးပါတယ်။ pretensionor မှာ ကြိုး ၂ကြိုးပါတယ်။ ထိုဝါယာရိန်းတွေ SRS ယူနစ်ထဲ မဝင်ရင် seatbelt မီးလင်းနေတာမျိုးရှိပါတယ်။ seatbelt မီးက အင်ဂျင်အတွက် အန္တရာယ်မရှိပေမဲ့ လူအသက်အတွက် အန္တာယ်ရှိတယ်။ ကျော်ခွလို့မရပါဘူး။ ဘာလို့ဆိုတော့ SRS အတွက် အရေးပါလို့ဖြစ်ပါတယ်။ ဒါပေမဲ့ SRS pinout မသိဘဲနဲ့တော့ Seatbelt ဝါယာရိန်းဘယ်နားလိုက်ရမလဲမသိနိုင်ပါဘူး။ 

Airbag မပွင့်တာက ခုအပေါ်မှာ ပြောထားတဲ့ SRS unit ၊ Airbag ၊ Sensor ၊ Wiring ၊ seatbelt မကောင်းခဲ့ရင် မပွင့်နိုင်ပါဘူး။ အထူးသဖြင့် SRS unit နဲ့ Airbag sensor ကြောင့် airbag မပွင့်တာများပါတယ်။ တစ်လုံးတည်းပြောရင် SRS unit ကြောင့် airbag မပွင့်တာက 75% လောက်ရှိတယ်။ airbag က ဘယ်အချိန်မျိုးမှာ ပွင့်ရတာလဲဆိုရင် airbag sensor ကို တစ်စုံတစ်ခုခု က ပြင်းအားတစ်ခုခု နဲ့ တွန်းမိ ထိမိခဲ့ရင် airbag ထပွင့်ပါတယ်။ မယုံရင် airbag sensor နေရာကို ဆယ်ပေါင်တူနဲ့ထုကြည့်လိုက်ပါ။ airbag ဝုန်းခနဲ ထပွင့်ပါလိမ့်မယ်။ မပွင့်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ အစိတ်အပိုင်းတွေ ချွတ်ယွင်းနေလို့ဖြစ်ပါတယ်။ တိုက်ကားတွေမှာ airbag က အလုပ်လုပ်ပြီးသားကြီးဖြစ်တဲ့ အတွက် နောက်တခါ acident ထပ်ဖွင့်ခဲ့ရင် မပွင့်တော့ပါဘူး။ ဒါ့ကြောင့် ယဥ်မောင်သူ ထိခိုက်ရတယ်။ အဲ့လို မဖြစ်ရလေအောင် ကျွန်တော်တို့က Air bag ECU ကို program ပြန်ထည့်ပေးရတယ်။ air bag data အဟောင်းတွေကို erase လုပ်ပြီး data အသစ်ကို ထည့်ပေးရပါတယ်။ တနည်းအားဖြင့် Air bag ECU ကို program လုပ်ပေးရပါတယ်။ အဲ့လို လုပ်ဖို့ Air bag ECU ထဲမှာ data သိမ်းထားတဲ့ EEPROM ဆိုတဲ့ IC ပြားလေးကို ​ခွာရပါမယ်။ အဲ့ကောင်လေးကို programming လုပ်ရမယ်။ အဲ့လိုလုပ်ဖို့ဆိုရင် carprog စတဲ့ programer တစ်ခုခုကို သုံးရမယ်။ ကိုယ်သုံးမဲ့ ကားက Toyota ဆိုရင် Airbag ECU ရဲ့ မော်ဒယ်နံပါနဲ့ solfware ထဲမှာ IC ရဲ့ နေရာ ၊ ဘယ်ပင်ကို ထောက်ပါ ဘယ်လိုလုပ်ပါ စသဖြင့်ပြပေးထားပါတယ်။ အဲ့အတိုင်းဆက်လုပ်ဖို့လိုပါတယ်။ ဥပမာ IC ရဲ့ memory က 95040 ၊ producent က 89170 04160 ၊ ထုတ်တာက TRW စသဖြင့် solfware ထဲမှာ အကုန်ရှိတယ်။ အဲ့လိုမျိုးက သူပြောလို့သိတာ ကိုယ်ဟာကိုယ်ဆိုရင် ဘယ်လို IC လဲတောင်မသိတာမျိုးရှိပါတယ်။ နောက် programmer နဲ့ read မယ် ၊ write မယ် စသဖြင့် အစဥ်အတိုင်းဆက်လုပ်သွားရုံပါပဲ။ read မယ် write မယ်ဆိုတဲ့ အပိုင်းမှာက programming ပိုင်းသီးသန့် တလိုင်းဖြစ်သွားပြီ။ သိနေပေမဲ့ စက်မရှိရင်လဲ လုပ်လို့မရသလို ၊ စက်ရှိနေပေမဲ့ မသိရင်လဲ လုပ်လို့မရဘူး။ တချို့ကားတွေက ကိုယ့်မှာ ရှိတဲ့ စက်နဲ့ read ၊ write မရတာတွေလဲ ရှိတယ်။ အဲ့လိုမျိုးဆိုရင်တော့ air bag စနစ်တစ်ခုလုံး အစအဆုံးပြန်လုပ်မှဘဲရတော့မှာဖြစ်ပါတယ်။