ဆင်ဆာပင်တွေ မှားတပ်လို့ စက်မနိုးတဲ့ပြသနာ။


ဆင်ဆာပင်တွေ မှားတပ်လို့ စက်မနိုးတဲ့ error တွေကြုံဖူးကြလားမသိဘူး? 

ကားဆင်ဆာတွေမှာ 5V ရှိတယ်ဆိုတာအားလုံးသိကြပါတယ်။ တကယ်တမ်းတိုင်းကြည့်ရင် 5V လည်းရှိချင်မှရှိမယ်။ တချို့ ဆင်ဆာတွေက 5V မရှိဘူး။ O2 ဆင်ဆာဆိုရင် 0 - 1V ဘဲရှိတယ်။ နောက် 12V ပေးရတဲ့ ဆင်ဆာတွေလဲ ရှိတယ်။ ခုကတော့ MAP ဆင်ဆာလေးရဲ့ ပြစ်ချက်တစ်ခုပြောပြမယ်ဗျာ။ MAP ဆင်ဆာသည် ၃ပင်နဲ့လာတယ်။ ၄ပင်နဲ့လာတဲ့ MAP လည်းရှိတယ်။ Swift / Vitz / probox တွေမှာ ၃ပင်လာပါတယ်။ ၄ပင်နဲ့လာရင် IAT ဆင်ဆာပေါင်းထည့်ထားတယ်။ ၅ပင်နဲ့လာခဲ့ရင်လည်း IAT ဆင်ဆာကို ဂရောင်းတစ်ချောင်းထုတ်ပေးထားဖြစ်တယ်။ MAP ဆင်ဆာမကောင်းရင် စက်ကဖွပ်ချက်ဖွပ်ချက် စက်သံမမှန်ဘူး။ MAP ဆင်ဆာလုံးဝ မကောင်းတော့ဘူးဆိုရင် စက်ပါထိုးရပ်တတ်ပါတယ်။ ဆင်ဆာမကောင်းဘူးဆိုတာ အမျိုးမျိုးရှိတယ်။ ECU က မီးရောက်တယ်။ ဆိုရင် ဖွပ်ချက်ဖွပ်ချက်ပေါ့။ ဝါယာရှော့ကျတာမျိုးဆိုရင် လုံးဝထိုးရပ်တာမျိုးရှိတယ်။ ပြောချင်တာက MAP ဆင်ဆာမှာ 5V ၊ siganl ၊ ground ၃ပင်ရှိတဲ့ အနက် 5V နေရာ ၊ signal ရောက် မှားတပ်လိုက်ရင် စက်လုံးဝမနိူးဘူးဆိုတာပဲဖြစ်ပါတယ်။ သတိချပ်စေလိုပါတယ်။ ဖိအား (pressure) ဆင်ဆာတွေမှာ ဆင်ဆာပင်တွေကို ဖြစ်သလိုလျှောက်တပ်လို့မရဘူး။ မှားရင်ရှော့ရှိတယ်။ မားကင်နဲ့လာတဲ့ ဆော့ကဒ်တွေကို မပြောဘူး တချို့က မာကင်မပါဘူး။ ဒါဆိုရင် သတိထားရပါတယ်။ ဒါ့ကြောင့် ဆင်ဆာပင်တွေကို မှတ်ထားရပါတယ်။ ဘယ်ပင်က signal လဲ ဘယ်ပင်ကတော့ 5V လည်း စသဖြင့်။ ဆင်ဆာပင်တွေကို မှတ်တဲ့အခါမှာ ဆင်ဆာအနေနဲ့ မှတ်တာရှိတယ် ၊ ဝါယာရိန်းအရောင်နဲ့မှတ်တာလဲရှိသလို ECU pinout အနေနဲ့လည်းမှတ်သားထားတာရှိပါတယ်။ အကောင်းဆုံးကတော့ ECU pinout ကနေ ထွက်လာတဲ့ ဆင်ဆာနာမည်တွေကို  မှတ်ထားတာတော့ ပိုကောင်းတယ်။ ဥပမာ MAP ဆင်ဆာရဲ့ ECU pinout မှာ E2 ၊ PIM ၊ VC စသဖြင့် ပြောထားရင် E2 က ground ၊ PIM က signal ၊ VC က 5V ဖြစ်ပါတယ်။ နောက်ပြီး ထို pin တွေက ECU ရဲ့ ဘယ် connector ထွက်တာလဲ ၊ pinout ဘယ်လောက်လဲ သိဖို့လိုပါတယ်။ အဲ့လိုသိချင်ရင် pinout တော့ ကြည့်တတ်မှရမှာပါ။ ဒါကြောင့် ဝါယာရိန်းဒိုင်ယာဂရမ်တွေ ဖတ်ို့ လိုအပ်ပါတယ်ခင်ဗျာ။ 

Post a Comment

0 Comments