EVAP ရဲ့ လုပ်ဆောင်မှုအကျဥ်းကတော့ fuel tank ထဲရှိ အငွေ့တွေကို intake manifold ထဲသို့လောင်ကျွမ်းစေပြီး emission % ကိုထိန်းချုပ်ပေးပါတယ်။ ကားတွေမှာအသုံးပြုတဲ့ Fuel ကနေလည်း emission တွေအငွေ့ပျံပီး ထွက်လေ့ရှိပါတယ် အဆိုပါအငွေ့တွေကလည်း emission ပါပဲ အဲဒီအငွေတွေကိုကြာကြာရှုမိရင်အသက်ရူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါဖြစ်စေပါတယ်။
ဒါကြောင့် EVAP System ကိုကားတွေမှာ တီထွင်အသုံးပြုတာပဲဖြစ်ပါတယ် EVAP ရဲ့အရှည်ကောက်က evaporative emission control system ပါ Fuel တွေအငွေ့ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ emission နှစ်စဥ်ကမ္ဘာကြီးရဲ့လေထုထဲမှာ carbon gas တွေဟာ 2.4million lb လောက်ထုတ်လွှတ်ပါတယ်။
ဒါဟာကားတွေအပြင် စက်ရုံကနေလည်းအဆိုပါဓာတ်ငွေ့တွေကို စွန့်ထုတ်ကျပါတယ် အဲ့လိုဓာငွေ့တွေလေထုထဲများလာရင် အိုဇုန်းလွှာကိုထိခိုက်ပျက်စီးစေပါတယ် အဲ့အခါကျရင် Green house effect တွေဖြစ်မယ် နောက်ပီးသီးနှံတွေပျက်စီးမယ် လူတွေကျန်းမာရေးထိခိုက်တာတွေက emission gas တွေရဲ့နောက်ဆက်တွဲပဲဖြစ်ပါတယ်။
EVAP Syayem ကို 1996 နောက်ပိုင်းကားတွေမှာ အသုံးပြုလာကျပီးကားတွေရဲ့ ဆီတိုင်ကီတဝိုက်နဲ့ engine manifold ဘက်အခြမ်းမှာတပ်ဆင်လေ့ရှိပါတယ် နောက်ပြီး Fule System တွေကနေတဆင့် fule တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့အပူချိန် [atmospheric temperature] မြင့်လာရင်မြင့်လာသလောက် နေရောင်နဲ့ထိတွေ့တဲ့အခါမှာလည်း အငွေ့ပြန်တတ်ပါတယ်။
အထူးသဖြင့် flash point နိမ့်တဲ့ gasoline engine တွေမှာဒီပြဿနာဟာအဖြစ်များပါတယ်ဘာကြောင့်လဲဆိုတော့သူ့မှာ eathanol နဲ့ hydrocarbon စတဲ့ဓာတ်ငွေ့တွေနဲ့ အဓိကဖွဲ့စည်းထားတာဖြစ်လို့ပါပဲ။
ဒီလိုအခြေနေမျိုးဆိုရင် EVAP System မှာအဓိကအလုပ်လုပ်ပုံ အနေအထားပြန်ပြောပြဖို့လိုလာပါပီဒါကြောင့် EVAP System မှာအဓိကအရေးပါဆုံးဖြစ်တဲ့ Vapor puger valve,Vapor canister, Vapor Canister vent Solenoids စတဲ့အဲဒီ 3 ခုပဲဖစ်ပါတယ်။

Vapor purge valve 


Fule tank ကနေလာတဲ့ Vapor တွေကို engine ဆီရောက်မလာအောင်ထိန်းချုပ်ပေးပါတယ် နောက်ပီးသူ့ရဲ့တည်နေရာကတော့ intake manifold အနီးနားမှာရှိပါတယ် သူ့ကို purge Solenoid လို့လဲတနည်းခေါ်ပါသေးတယ်။ 

Vapor Canister


Fule Vapor တွေကို store လုပ်ထားတဲ့ ပစ္စည်းဖြစ်ပီး engine higher burning ဖြစ်နေစဥ်အတွင်းလေထုထဲကို vapor တွေစိမ့်ထွက်မသွားအောင်ထိန်းပေးထါးပါတယ်ဒါ့အပြင် fuel tenk အနီးတစ်ဝိုက်မှာ Vapor Canister ကိုထားပေးထါးပါတယ်။

Vapor Canister Vent Solenoids


သူကတော့ Canister နဲ့ကပ်လျှက်ထားရှိပီးပြင်ပမှာရှိတဲ့ fresh air တွေဝင်လာနိုင်အောင် အမြဲလိုလိုဖွင့်ထားတဲ့ကရိယာလေးဖြစ်ပီး ECU ကနေ ဖွင့်ပိတ်နိုင်အောင်စီစဥ်ထားပါတယ်။
EVAP System မှာ ECU ကနေထိန်းချုပ်ထားတဲ့ Sensor 3 မျိုးရှိပါတယ် အဲ့ဒီ Sensor တွေကတော့ purge flow sensor -fuel tenk pressure sensor-fuel level sensor တို့ပဲဖြစ်ပါတယ်ဒါ့အပြင် EVAP အတွက်အဓိကအလုပ်လုပ်ပေးတဲ့ Sensor လေးကတော့ fuel tenk pressure sensor လေးပါပဲကျန် Sensor တွေကတော့ EVAP နဲ့တိုက်ရိုက်သက်ဆိုင်မှု့မရှိပေ EVAP အလုပ်လုပ်ပုံမှာ fuel တွေအငွေ့ပြန်ရင် Sensor ကလှမ်းအသိပေးပါတယ်။ 

 EVAP System မှာ Purge Solenoid ကဲ့သို့သောပစ္စည်းလေးတွေမကောင်းဘူးဆိုရင် EVAP မှာ error တက်နေမှာဖြစ်ပီး engine မှာအောက်ပါအချက် တွေဖြစ်ပေါ်နိုင်ပါတယ်။

  • Roungh idle [စလိုးကြမ်းနေတာ]
  • difficult Starting [စက်နိူးရခက်နေတာ]
  • Chack lamp comes on [MIL လင်းပီး error Code ပေါ်မယ်]
  • poor performance [အဆွဲရုံးကျတာ]

Charcol Canister မကောင်းရင်လဲ EVAP error ဖြစ်နိုင်ပါတယ်အထူးသဖြင့် Toyota ကားတွေမှာ 150000 miles ကျော်သွားရင်အဆိုပါပြဿနာတွေဖြစ်တတ်ပါတယ်ဒါအပြင် gas cap မကောင်းတာ gas cap မလုံတာ Fule Leakage ဖြစ်နေတာ စတာတွေကြောင့်လဲ EVAP Code တွေဖြစ်တဲ့ P0440.P0442.P0445.P0456 စတဲ့ Code တွေပေါ်နိုင်ပါတယ်။  

EVAP System တပ်ဆင်ခြင်းကြောင့် လေနဲ့နေရောင်ကြောင့်ဖြစ်ပေါ်လာတဲ့ အပူချိန်ကတစ်ဆင့် HC ကို 20% လောက်ထိလျော့ကျစေပါတယ်။