မြန်မာပြည်က ကားလောက သားတွေ ပြောပြောနေတဲ့ Cancellation စာရွက် အကြောင်းလေးပါ။ တကယ်က Cancellation စာရွက် လို့ ပြောလို့ မရပါ။ Cancellation စာရွက် ဆိုရင် ကားကို ဖျက်သိမ်းဖို့ စာရွက်ဖြစ်သွားပါလိမ့်မယ်။  Auction Sheet လို့ ပြောမှ မှန်ပါလိမ့်မယ်။

ဂျပန် မှာ ကားအဟောင်း တွေ လေလံ ပစ်တဲ့ အခါ မှာ  တစ်ကမ္ဘာလုံး က ဝယ်ယူကြ ပါတယ်။ အဲ့ဒီ အခါမှာ    ကားကို မျက်မြင် မကြည့် ရပေမယ့် ကြည့်ရသလိုဖြစ်အောင် Auction Sheet အပေါ်မှာ အသေအချာဖေါ်ပြ  လေ့ရှိပါတယ်။ လေလံတင်မယ့် ကားကို Computer နဲ့ ဖြစ်ဖြစ်  Inspector နဲ့ ဖြစ်ဖြစ် Inspection ရေးထုတ်ပါတယ်။ Car Auction Sheet ထဲမှာ အခြေခံကြတဲ့     အချက်တွေကို အတိအကျ ဖေါ်ပြပါတယ်။

ပထမဦးဆုံး

Auction Lot Number

Production year, month

ကိုတော့ ဂျပန်သက္ကရာဇ် နဲ့ ဖေါ်ပြပါတယ်။

Body Type( Saloon, SUV, etc...)

4Doors, 5 Doors (တံခါး အရေအတွက်)

Seater (စီးနင်းနိုင်သည့် လူ အရေအတွက်)

Engine Displacement

(1300cc,1500cc,......)

Brand name( Toyota, Honda,...)

Car type ( Mark II, Mark X,...)

ကားရဲ့ Grade ( G package, S package,. L package ....)

Chassis number code

Exterior Colour

Colour Code Number

Interior Seat ( Leather,...)

Overall Condition( 5, 4.5,  4,...)

Exterior & Interior Condition(A/A, B/A, etc...)


Auction Features

ဂီယာအတွက် FAT ( Floor-Shift Automatic Transmission)

AAC (Automatic Air Condition or Auxiliary Air Control)

PW power Windows

PS power steering

TV,DVD player

NV Navigation

ABS

AB Air Bag

ETC ( Electronic Toll Collection System Card ထည့်ရန်) 


Mileage Km

Dimension အလျား၊အနံ၊အမြင့် ကို Cm နဲ့ ဖေါ်ပြပါတယ်။

Recycle အတွက် ဆောင်ထားတဲ့ ¥ ပမာဏ တို့ကို ဖေါ်ပြပါတယ်။

Auction Location ( Chubu..., Nagoya,....)


Sale Points အနေနဲ့ ထူးခြားတဲ့ အချက်အလက်တွေ ဥပမာ - One Owner user Car( တစ်လက်ကိုင်)

 push start, Built in TV

...

Inspection အပေါ်မူတည်ပြီး ကားတစ်စီးလုံး ရဲ့ condition ကို ကားရဲ့ လေလံ စာရွက် အပေါ်မှာ Rating သတ်မှတ်ပါတယ်။အပေါ်ဆုံး ညာဘက် တောင့် မှာ  Rating သတ်မှတ် ဖြည့်ပါတယ်။

S- brand new

R- Repaired

ပြီးတော့

6- Brand New

5- As good As brand new

4.5- very slightly used

4- used with the slightest blemishes

3.5- Good condition with visible blemish

3- Average condition with light damage

2- poor condition 

 

အပြင် နဲ့ အတွင်း Rating အတွက်

A,B,C,D,E 

နဲ့ သတ်မှတ်ပြီး 

A- ဆိုရင် အသစ် နီးပါး ကောင်းပါတယ်။


ကားရဲ့ အပြစ်အနာအဆာများ ကိုတော့ ကားပုံစံ Diagram ပေါ်မှာ သင်္ကေတ အမှတ်အသား Character Defects နဲ့ ဖေါ်ပြပါတယ်။အဲ့တာ က အရေးကြီးပြီး သိထားသင့်ပါတယ်။ သိထားမှလည်း ကိုယ်ဆွဲတဲ့ ကား ဘယ်နေရာမှာ ဒဏ်ရာရှိတယ်ဆိုတာသိပြီး ဈေးဆုံးဖြတ်ရတာဖြစ်လို့ပါ။


A1- Small Scratch

A2- Scratch

A3- Big Scratch

B- Dent with Scratch

E1- Few Dimples

E2- Several Dimples

E3- Many Dimples

U1- Small Dent

U2- Dent

U3- Big Dent


W1- Hardly detectable Repair/ Mark/Wave

W2- Repaired / Mark/ Wave

W3- Visible Repaired/ Mark/Wave


S1- Rust

S2- Heavy Rust

X- must be replaced

XX- Replaced


B1- Distorted radiator back panel or core support

B2- Highly distorted radiator back panel


Y1- small crack or hole

Y2 - Crack or hole

Y3 - Big Crack or hole

 

မှန်နေရာအကွက်မှာပါရင်

G- stone chip in glass

X1- small windshield crack

R - Repaired windshield crack

RX - Repaired or must be replaced windshield 

X - windshield crack


C1 - corrosion

C2 - Heavy corrosion

P- Marked Paint ဆေး ပေ နေတယ်

H - Fade Paint ဆေးရောင် မှိန်နေတယ် 

အဲ့လို အမှတ်အသား နဲ့ သတ်မှတ် ထားတာမို့ ကားဝယ်ယူတဲ့ အခါ မှာ မမှားအောင်ပါ။ တချို့ လေလံ စာရွက်များ မသိမ်းထားကြပါဘူး။ တချို့ ရောင်းတဲ့ သူတွေ က ‌ဝယ်သူ ကို မပြချင်ကြပါဘူး။ ကားဝယ်တဲ့ သူတွေ လည်း တောင်းကြည့်ဖို့ သင့်ပါတယ်။ 

Credit : အောင်သွင်