ရေတိုင်ကီဖုံး၊ရေပြန်ဖုံးဘူးမှာ အင်ဂျင်ဝိုင်အစအန တွေ့နေခဲ့ပါရင်

ရေတိုင်ကီထဲကို အင်ဂျင်ဝိုင်ရောက်နေတာမျိုး ကိုယ့်ဆရာတွေ ကြုံဖူးလားမသိဘူး။ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ကြုံဖူးသည် ဖြစ်စေ ၊ မကြုံဖူးသည် ဖြစ်စေ ၊ မကြားဖူးတဲ့ သူတွေ ရှိခဲ့ရင်လည်း မျှဝေပေးပါ့မယ်။ အကယ်၍ မိတ်ဆွေတို့ ကြုံလာခဲ့ရင် ဘယ်လိုအကြောင်းအရင်းကြောင့် အခုလိုဖြစ်တာလဲဆိုတာ ဗဟုသုတ အနေနဲ့ မျှဝေပေးပါ့မယ်ခင်ဗျ။ post လေးကို အဆုံးထိ ဖတ်ရှ့ပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ အများစု ကြားဖူးတာက ဂတ်စကတ်ပေါက်ပြီး အင်ဂျင်ထဲ ရေရောက်တယ်။ ဒါက အဖြစ်များတယ်။ ခုက ရေတိုင်ကီထဲ အင်ဂျင်ဝိုင်ရောက်နေတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရေတိုင်ကီဘက်အခြမ်းမှာ ၎င်းနဲ့ နီးနီးကပ်ကပ်ဘာရှိလဲ။ ရေတိုင်ကီနဲ့ နီးနီးကပ်ကပ်ရှိ်နေတာကလည်း အင်ဂျင်ပါပဲ။ အင်ဂျင်အအေးခံပိုက်တွေနဲ့ရေတိုင်ကီဆက်စပ်ထားတယ်။ ရေတိုင်ကီဖုံးကို ဖွင့်ကြည့်လိုက်ရင် ကျွန်တော်တို့ မျက်မြင်စစ်ဆေးလို့ရမယ်ခင်ဗျာ။ ရေတိုင်ကီဖုံးမှာ အင်ဂျင်ဝိုင်အမဲအစအန တွေပိတ်ဆို့နေမယ်။ နှာခေါင်းနဲ့နမ်းကြည့်လိုက်ရင် အင်ဂျင်ဝိုင်အနံနံနေမယ်။ လက်နဲ့ ပွတ်ကြည့်လိုက်ရင် အင်ဂျင်ဝိုင်လက်မှာစိုလာမယ်။ ကူးလန့်အရောင်ကလဲ အင်ဂျင်ဝိုင်ရောနေလို့ ညစ်တစ်တစ်ဖြစ်နေမယ်။ ဒီလိုမျိုးကြုံနေရရင် သင့်ကား​ေရတိုင်ကီ ၊ ရေလိုင်းတွေထဲ အင်ဂျင်ဝိုင်ရောက်နေပါပြီ။ ဘယ်လိုကြောင့် ထိုပြဿနာတွေဖြစ်ရတာလဲဆိုရင် .... 

အောက်ပါ အကြောင်းအရင်း ၆ ချက်ကြောင့်ပါ။ 

▶ဂီယာဘောက်ဝိုင်ကူလာပေါက်နေတာကြောင့် 

▶အင်ဂျင်ဘလောက်ကွဲအက်လာတာကြောင့် 

▶ အင်ဂျင်ဟပ် မလုံခြင်းကြောင့် 

▶ ကူးလန့်ဟိအိပ်ချိန်ဂျာ မလုံတာကြောင့် 

▶ ဟပ်ဂတ်စကတ် ပျက်ထွက်သွားတာကြောင့် 

▶ ကူးလန့်နဲ့အင်ဂျင်ဝိုင် မှားယွင်းထည့်မိသွားတာကြောင့်

ဂီယာဘောက် ဝိုင်ကူလာပေါက်ရင်လဲ ရေလိုင်းထဲ ဂီယာဆီတွေ ရောက်သွားတက်ပါတယ်။ ဒါမျိုးတေ​ွကလည်း ဒီဇယ်ကားတွေမှာ အများစုကြုံရတတ်ပါတယ်။ အင်ဂျင်ဘလောက်တွေ ကွဲအက်သွားရင် ရေလိုင်းနဲ့ဆီလိုင်းရောသွားတာကြောင့် ရေလိုင်းကနေတဆင့် ရေတိုင်ကီ ၊ ရေပြန်ဘူး ၊ ရေတိုင်ကီဖုံး စတဲ့ ရေလိုင်းအစိတ်အပိုင်းတွေဆီ အင်ဂျင်ဝိုင်အစအန တွေရောက်သွားမှာဖြစ်ပါတယ်။ ဟက်တေ​ွ အက်ကွဲနေရင်လဲ ထို့အတူပါပဲ။ ရေလိုင်းနဲ့ဆီလိုင်းရောနိုင်ပါတယ်။ ဂတ်စကတ် ပျက်ထွက်နေတာမျိုးကြောင့်လည်း အလားတူပြစ်ချက်မျိုးကြုံရနိုင်ပါတယ်။ ဟိအိပ်ချိန်ဂျာပေါက်ရင်လည်း ဆီကန်ထဲကို ရေရောက်မယ် အဲ့လိုဖြစ်စဥ်မျိုးနဲ့အတူ ရေတိုင်ကီထဲပါ ဆီရောက်သွားပါလိမ့်မယ်။ နောက်ဆုံးကတော့ အကြောင်းအမျိုးမျိုးကြောင့် ကူးလန့်နဲ့အင်ဂျင်ဝိုင်မှားထည့်မိမယ်။ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ အထက်ပါ ဖြစ်ရပ်မျိုးတွေက Ford Off-road ကဲ့သို့ Ligh duty ဒီဇယ်လို့ခေါ်တဲ့ ကားလေး ဒီဇယ် တွေမှာ ကြုံရတတ်တယ်။ သက်တမ်းကြောင့်လဲ ဖြစ်တတ်ပါတယ်။ နောက်ပြီး အင်ဂျင်ဝိုင်ပရက်ရှာအရမ်းများနေတာမျိုးဆို​ရင်လည်း အထက်ပါ ပြစ်ချက်မျိုးတွေဖြစ်တတ်ပါတယ်။ အင်ဂျင်ဝိုင်ပရက်ရှာသည် 30psi ထက်များသွားခဲ့ရင် အင်ဂျင်အတွက်ပြဿနာရှိပါတယ်။