ကားတစ်စီးရဲ. အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ABS ဘရိတ်စနစ်တွေအကြောင်း

ABS ဘရိတ်စနစ်ကမကောင်းဘူးလို.ပြောကြတယ် ၊ အဲ့ဒါဖြုတ်လို.ရမလား ?

ABS ဆိုတာ Auto Braking System ကိုပြောတာလား ? ABS ဘရိတ်တပ်ထားရင် ဘရိတ်ရှူးတွေပိုစားတယ်ဆို ?ကားလမ်းကြပ်ရင် အဲ့ဘရိတ်စနစ်က မကောင်းဘူးဆို ?ABS မီးလင်းလာတာနဲ. ဘရိတ်လုံး၀မမိတော့ဘူးဆို ?လို.ပြောနေကြတဲ့ နားလည်မှု လွဲနေတဲ့ အမှားတွေကို သိပ္ပံနည်းကျနားလည်ဖြေရှင်းတတ်သွားမယ်လို. အာမခံပါတယ် ။

ABS ဘရိတ်စနစ်ဆိုတာဘာလဲ ?

ABS ဆိုတဲ့စကားလုံးကိုတော့ အခုခေတ်ကားမောင်းနေတဲ့ သူတိုင်းကားဖူးနား၀ရှိမှာပါ ။ ABS ဆိုတာက အခုကားသမားအများစုထင်နေသလို Auto ဘရိတ်ဖမ်းတဲ့စနစ်မဟုတ်ပါဘူး ။ ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့စကားလုံးကို အတိုကောက်ယူထားတာပါ ။ Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁၀၀ ရာခိုင်နှုန်းမချုပ်ထားဘဲ လိုသလောက်ပဲထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို. မြန်မာမှုပြုနိုင်ပါတယ် ။ ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင်လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်ကကောင်းပါ့မလားလို. ထင်မြင်ယူဆဖွယ်ရာတွေရှိလို. ဘာကြောင့်ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ် ပြန်လွှတ် ပြန်ဖမ်းပေးရသလဲဆိုတာ ထပ်ရှင်းပြပါ့မယ် ။

ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကျနော်တို. ကိုးတန်းဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ.နိယာမ   ( Pascal 's Law ) P = F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး (Hydraulic Braking ) နည်းတွေနဲ.တီထွင်အသုံးပြုပါတယ် ။အဲ့ဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁၀၀ ရာခိုင်နှုန်းအသေဖမ်းချုပ်ကိုင်လိုက်တဲ့ (Lock) စနစ်ဖြစ်ပါတယ် ။ အရှိန်များများနဲ.ရွေ.လျားနေတဲ့ကားရဲ. ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ်ဆိုရင်ပဲ ရွှေ.လျားနေသော အရာ၀တ္ထုသည်ဆက်လက်ရွှေ.လျားခြင်း (Law of Inertia ) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေအကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွှေ.လျားနေတဲ့ ကားရဲ. ဘော်ဒီတခုလုံးက ဆက်လက်အရှိန်နဲ.ရွှေ.လျားကာ ကားက သင်ထိန်းချုပ်မှုအောက်ကလွတ်သွားပြီး တရွတ်တိုက်ဆွဲသွားကာ တိုက်ချင်တဲ့ဆီကို ၀င်တိုက် ၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက်ပြီး မလိုလားအပ်တဲ့ Accident တွေဖြစ်ကုန်ပါတော့တယ် ။ ဒီလိုအဖြစ်တွေကို ကာကွယ်ဖို. အတွက် ဘီးတွေကို အသေမထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန်ကားကို လိုသလိုကွေ.နိုင်ခေါက်နိုင် ထိန်းချုပ်နိုင်တဲ့ ABS စနစ်ဆိုတာကို တီထွင်ခဲ့ကြတာပါ ။

ABS စနစ်ကဘယ်လိုအလုပ်လုပ်သလဲ ?

ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ် ) ၊ Valve ၊ ABS Accumulator , Hydraulic Control Unit ၊ ECU ( Electronic Control Unit ) တို.ဖြစ်ပါတယ် ။ 

ကားတစီးအရှိန်နဲ.မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တခုနဲ. ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ.လည်ပတ်နေသလဲ ၊ ဘရိတ်ဖမ်းလိုက်ချိန်ဘယ်လောက်အရှိန်လျော့သွားသလဲဆိုတာကို ECU ( Electronic Control Unit ) ကိုသွားသတင်းပို.ပါတယ် ။ ECU ( Electronic Control Unit ) ကနေတဆင့်ရထားတဲ့ ဒေတာတွေကို Hydraulic Control Unit ကို တဆင့်စေခိုင်းပြီး အဲ့ဒီကနေမှ ဘရိတ်ဖမ်းဖို.ဘယ်လောက် ဖိအားပေးသင့်တယ် ဆိုတာကိုတွက်ချက်ပြီး Solenoid Valve တွေကနေတဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန်.ပေးတာ ၊ လျော့ချပေးတာ ၊ တိုးပေးတာတွေလုပ်ပြီး ဘရိတ်ကို ၁၀၀ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ် ။ အဲ့ဒီဖြစ်စဉ်တွေဟာ စက္ကန်.အစိတ်အပိုင်းလေးမှာဘဲ တွက်ချက်ပေးပြီး အလုပ်လုပ်သွားတာမျိုးပါ ။

ABS စနစ်ရဲ.အားသာချက်တွေကဘာတွေလဲ ?

ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာဘဲ စီယာတိုင်ကို လိုသလိုထိန်းချုပ်မောင်နှင်နိုင်တယ် ။ ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ဘဲ ထိန်းချုပ်တာမို. ကားက စလစ်ဖြစ်ချော်ထွက်ခြင်းမှကာကွယ်နိုင်တယ် ။ အရှိန်ပြင်းပြင်းနဲ. မောင်းနေချိန်ဘရိတ်ဖမ်းလိုက်လို. မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်းတည်ငြိမ်တယ် ။ ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေးတိုတာမို. ပိုလို.အန္တရာယ်ကင်းဝေးတယ် ။ အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကိုကာကွယ်ပေးတယ် ။ လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတခုခြင်းဆီရဲ.လည်ပတ်နှုန်းကိုအာရုံခံတာမို. လမ်းကနေချော်ထွက်သွားတာမျိုးကာကွယ်ပေးတယ် ။ကြမ်းတမ်းနေတဲ့လမ်းအနေအထား ၊ ရေတို. ချောဆီတို.ရှိနေတဲ့လမ်အနေအထား မျိုးမှာ ဘရိတ်ဖမ်းလိုက်ရင် ချော်ထွက်ခြင်းမှကင်းဝေးစေတယ် ။ 

ABS မီးဘာကြောင့်လင်းရသလဲ ?

ABS မီးလင်းရတဲ့အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ် ) ၊ Valve ၊ Hydraulic Control Unit ၊ ECU ( Electronic Control Unit ) တို.တခုခုချို.ယွင်းပျက်စီးခဲ့မယ်ဆိုရင် ABS မီးလင်းလာပါမယ် ။ အဓိကအားဖြင့် အဖြစ်များဆုံးကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ် ) ကနေအဖြစ်များပါတယ် ၊ ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေကြောင်ပြီးABS မီးလင်းလာတတ်ပါတယ် ။ သံကြေးတက်သွားတာမျိုး ၊ ဘရိတ်ပြုပြင်ရင်းမတော်တဆထိခိုက်မိတာမျိုး Wheel Speed Sensorsတွေပြန်မတပ်မိတာမျိုး တွေကလည်း ABS မီးလင်းလာတတ်ပါတယ် ။ တချို.ကားတွေမှာ နောက်ဘရိတ်မီးသီးကျွမ်းနေတာကနေလည်း ABS မီးသွားလင်းနေတတ်ပါတယ် ။ Brake Pad တွေကုန်နေရင်လည်း ABS မီးလာလင်းတာမျိုးတွေ တချို.ကားတွေမှာဖြစ်တတ်ပြီး ၊ တချို.မော်ဒယ်မြင့်ကားတွေမှာတော့ Brake Pad ကုန်နေတာကို Warning Light သီးသန်.ဖော်ပြပေးပါတယ် ။

ABS မီးလင်းလာရင် ဘာလုပ်သင့်လဲ ?

ABS မီးက ပုံမှန်အားဖြင့် ကားသောဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး ၊ စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ ။ မဟုတ်ဘဲ ဆက်လင်းနေတယ်ဆိုရင်တော့ ABS System တခုခုချို.ယွင်းနေပါပြီး ၊ ဒါပေမယ့် သင့်ကားမှာရိုးရိုးဘရိတ်စနစ်ကတော့အလုပ်လုပ်နေဆဲပါ ။ ABS မီးတခုတည်းလင်းနေတာမျိုးဆိုရင်တော့ ကားရဲ. ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ ၊ ဘရိတ်လျော့ကျသွားလား ၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်၀ပ်ရှော့မှာစစ်ဆေးပြုပြင်ရမှာပါ ။


Brake Warning Light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ ?

အခြေခံဘရိတ်မီးလင်းလာတာ ( ABS မီးနဲ.မတူပါဘူး အောက်မှာပြထားပါတယ် ) မျိုးကတော့ Parking Brake ( ဟန်းဘရိတ်ဆွဲထားတာ ) ၊ Master Cylinder Fluid Reservoir (ဘရိတ်အပေါ်ဆုံ ) မှာဘရိတ်ဆီနည်းနေတာ ၊ ဘရိတ်ဆလင်ဒါတွေ က ဝါရှာတွေပေါက်နေတာ ၊ ဘရိတ်ရှူး တွေပါးနေတာ ဘရိတ်ဆီလိုင်းတွေ ပေါက်နေတာတွေကြောင့်ဖြစ်တတ်ပါတယ် ။ သင်ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီးဆွဲထားမိသလား ပြန်စစ်ပါ ဆွဲထားမိရင် ဟန်းဘရိတ်ပြန်ချပါ ။ အပေါ်ဆုံမှာဘရိတ်ဆီနည်းနေသလားပြန်စစ်ပါ ။ နည်းနေရင် Max အမှတ်ရောက်အောင် ဖြည်.ပေးပါ ၊ ကားစက်သတ်ပြီး တဖန် ကားစက်ပြန်နှိုးကြည့်ပါ ။ မပျောက်သေးရင်ကျွမ်းကျင်၀ပ်ရှော့ကို ပြသစစ်ဆေးဖို.လိုနေပါပြီ ။တချို့ကားတွေမှာ Brake Warning Light ကိုပဲ အဝါရောင် နဲ. အနီရောင်နှစ်မျိုးခွဲထားပြီး ။ အဝါရောင်က သင့်ရဲ.ဘရိတ်စနစ်မကြာခင်ချို.ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး ၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို. ချက်ခြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြတာဖြစ်ပါတယ် ။


ABS မီးရော Normal Brake Warning Light ရောပေါ်နေတယ်ဆိုရင် ?

ဒါဆိုရင်တော့သင့်ကားရဲ. ဘရိတ်စနစ်တခုလုံး ချို.ယွင်းပျက်စီးနေပါပြီ ၊ အရမ်းအန္တရာယ်ကြီးတာမို. မပြုပြင်ဘဲ မောင်းနှင်ဖို.မသင့်တော့ပါဘူး ၊ ဖြစ်နိုင်မယ်ဆိုရင် ချက်ခြင်း ကျွမ်းကျင်၀ပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို. အကြံပြုတင်ပြလိုက်ရပါတယ် ။အခြားမျိုးတူမူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမယ့် အခုလောက်ဆိုရင် ABS စနစ်နဲ. ပတ်သတ်တဲ့ ဗဟုသုတ အခြေခံတွေသိလောက်ပြီလို. ယူဆရပါတယ် ။

မှတ်ချက် ။  တချို့ကားတွေမှာ Brake Pad (ဘရိတ်ရူးကုန်တာမျိုး ) ၊ Parking Brake ( ဟန်းဘရိတ် ) ဆွဲထားတာမျိုးတွေကို သီးသန်.အချက်ပြမီးတွေပြတာမျိုးရှိပါတယ် ။ ဘရိတ်နည်းပညာတွေဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ Over Speed မောင်းနှင်ခြင်းကသင့်နဲ့သင်ကားကိုထိခိုက်ပျက်စီးစေမှာမို့ အသိသတိနဲ့ဆင်ခြင်ကြပါလို့ စေတနာထားတိုက်တွန်းရပါတယ်